Readme.html
Wordpress ဆိုတဲ့ blogging platform က အခုဆို version 2.7 အထိရောက်လာပါတယ်။ Features အသစ်တွေပါလာသလို security hole တွေကိုလဲ fix လုပ်ထားပါတယ်။ ဒါပေမယ့်လည်း ဘယ်ဟာကမှ perfect မဖြစ်ပါဘူး။ တစ်နေရာရာမှာတော့ ဟာကွက်ဆိုတာ ရှိတတ်ပါတယ်။ Hacker တွေကလဲ အဲဒီလို ဟာကွက်တွေကို အသုံးပြုပြီးတော့ hack လုပ်တတ်ပါတယ်။ ဥပမာ ဒီ milw0rm ဆိုတဲ့ site မှာဆိုရင် Windows ရော Web application အတော်များများရဲ့ ဟာကွက်တွေကို သူ့ version အလိုက်ပြထားပြီးတော့ အဲဒီ ဟာကွက်ကို သုံးပြီး တိုက်ခိုက်နည်းတွေပါ ရှိပါတယ်။

